(ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာ)၃ နိုင်ငံရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်အကိုင်စီမံခန့်ခွဲမှုကို ၂၀၂၃ ခုနှစ်၊ မေလ၊ ၃၀ ရက်နေ့တွင် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များ အကျဉ်းချုပ်
|(ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာ)၃ နိုင်ငံရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်အကိုင်စီမံခန့်ခွဲမှုကို ၂၀၂၃ ခုနှစ်၊ မေလ၊ ၃၀ ရက်နေ့တွင် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များ အကျဉ်းချုပ်
(ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာ) ၃ နိုင်ငံရွှေ့ပြောင်းအလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်နှင့် နေ ထိုင်ခွင့်ထပ်မှန်ေဖြလျှော့ ပေးထားသည်။ |
(မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်) ၄ နိုင်ငံရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံကူးလက်မှတ် (PASSPORT) သို့မဟုတ် နိုင်ငံကူးလက်မှတ် အစားထိုးသောစာရွက်စာတမ်းများ နှင့် ဗီဇာများကို၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ ၃၁ ရက်နေ့အထိသက်တမ်းတိုးခွင့်ပေးထားသည်။ |
||
MOU စာချုပ်ဖြင့် အလုပ်လုပ်သောအလုပ်သမားများ |
အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ အလုပ်လုပ်သောအလုပ်သမားများ |
||
အဖွဲ့ (၁) ၁ ရက်နေ့၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ် မှ ၃၁ ရက်နေ့၊ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် အတွင်း ၄ နှစ် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးသည့် အလုပ်သမားများ | အဖွဲ့ (၂) ၁ ရက်နေ့၊ ဇန်နဝါရီလ၊ ၂၀၂၃ ခုနှစ် မှ ၃၁ ရက်နေ့၊ ဇူလိုင်လ ၂၀၂၃ ခုနှစ် အတွင်း၄ နှစ် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးသည့် အလုပ်သမားများ | ၅ ရက်နေ့၊ ဇူလိုင်လ၊ ၂၀၂၂ ခုနှစ် အစိုးရအဖွဲ့ဆုံးဖြတ်ချက် | ၇ ရက်နေ့၊ ဖေ ဖော်ဝါရီလ၊ ၂၀၂၃ ခုနှစ် အစိုးရအဖွဲ့ဆုံးဖြတ်ချက် |
(၁) MOU (၃)နိုင်ငံရွှေ့ပြောင်းအလုပ်သမားများ အဖွဲ့နှစ်ဖွဲ့စလုံးသည် နိုင်ငံကူးလက်မှတ် (PASSPORT) သို့မဟုတ် နိုင်ငံကူးလက်မှတ် အစားထိုးသောစာရွက်စာတမ်းများ နှင့်အတူ (+) အလုပ်လုပ်ကိုင်ခွင့်လက်မှတ် သို့မဟုတ် အလုပ်သမားအလုပ်ရှာဖွေရေးဌာနအဖွဲ့မှသတ်မှတ်ထားသည့် စာရွက်စာတမ်းများ အသုံးပြုနိုင်သည်။ (၂) MOU အလုပ်သမားအဖွဲ့နှစ်ဖွဲ့စလုံးမှ အလုပ်သမားများကို ငှားရမ်းလိုသော လက်ရှိအလုပ်ရှင် သို့မဟုတ် အလုပ်ရှင်အသစ်များသည် MOU စာချုပ်ပါစည်းကမ်းအချက်အလက်များကိုလိုက်နာရမည်ဖြစ်သည်။ (၃) တင်းကြပ်မှုလျော့ချ ပေးသည့်ကာလအတွင်း ပြစ်မှုတစ်စုံတစ်ရာမျှမရှိသည့် MOU အလုပ်သမားအဖွဲ့နှစ်ဖွဲ့စလုံးသည် မိမိတို့နေရပ်နိုင်ငံသို့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ပြန်သွားနိုင်သည်။ သို့မဟုတ် MOU အလုပ်သမားအဖွဲ့နှစ်ဖွဲ့စလုံးမှ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သွားပြီဖြစ်သော်လည်း ထိုင်းနိုင်ငံအတွင်းတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ နေထိုင်အလုပ်လုပ်နိုင်ပြီး နေထိုင်ခွင့်အကြောင်းကြားရန်မလိုအပ်ပါ၊ မိမိတို့နေရပ်နိုင်ငံသို့ ပြစ်မှုမရှိပဲ ပြန်သွားနိုင်သည် ။ ၎င်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမား ဝန်ကြီးဌာနတို့သည် ၂၀၂၃ ခုနှစ်၊ မေလ၊ ၃၀ ရက်နေ့ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဆက်လက်ဆောင်ရွက်ရန် ကြေညာချက်ထုတ်ပြန်မည်ဖြစ်သည်။ ** အစိုးရအဖွဲ့သစ်တက်လာလျှင် အလုပ်သမား ဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ မေလ၊ ၃၀ ရက်နေ့ လက်ရှိအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဖျက်သိမ်းရန် သို့မဟုတ် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန် အဆိုပြန်လည်တင်သွင်းမည်ဖြစ်သည်။ | (၁) ၄ နိုင်ငံရွှေ့ပြောင်းအလုပ်သမားများမှ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ အလုပ်သမားအဖွဲ့ နှစ်ဖွဲ့စလုံးသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ မေလ၊ ၁၅ ရက်နေ့အတွင်း နိုင်ငံကူးလက်မှတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် အစားထိုးသောစာရွက်စာတမ်းများ နှင့် ဗီဇာများကိုသက်တမ်းဆက်မတိုးနိုင်ခဲ့ပါ။ အစိုးရအဖွဲ့ဆုံးဖြတ်ချက် အရ နိုင်ငံရွှေ့ပြောင်းအလုပ်သမားများအဖွဲ့ နှစ်ဖွဲ့စလုံးသည် အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ခွင့်ပြုပြီး နေထိုင်ခွင့်အကြောင်းကြားရန်မလိုအပ်သော်လည်း အလုပ်လုပ်ကိုင်ခွင့်လျှောက်လွှာပုံစံကို သက်သေအဖြစ်ပြနိုင်ရမည်ဖြစ်သည်။ (၂) ၄ နိုင်ငံရွှေ့ပြောင်းအလုပ်သမားများမှ အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ အလုပ်သမားအဖွဲ့ နှစ်ဖွဲ့စလုံးသည် ထိုင်းနိုင်ငံတွင်တရားဝင်အလုပ်လုပ်ခွင့်ရရန် နိုင်ငံကူးလက်မှတ် (PASSPORT) သို့မဟုတ် နိုင်ငံကူးလက်မှတ် အစားထိုးသောစာရွက်စာတမ်းများကို သက်တမ်းတိုးရန် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ (လဝကရဲ) ထံ ဗီဇာတုံးများစစ်ဆေးခွင့်ပေးရန် အောက်ပါအတိုင်းဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်ရရှိခြင်း (သို့အမဟုတ်) ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ ၅ ရက်နေ့ နှင့် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၇ ရက်နေ့မှ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်ရရှိသည် |