နယ်မြေဆင်း အသိပညာပေးခြင်းHRDF မဟာချိုင်


12 မေလ 2024

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ စမွတ်ဆာခွန်ရုံးမှ ဝန်ထမ်းများတို့သည် စမွတ်ဆာခွန်ခရိုင် အမှတ်(၄)ရပ်ကွက် မူစီ နာဒီကျေးရွာအုပ်စု ဝပ်ထေစ်နော်ရာရာတ် ဘုန်းတော်ကြီး ကျောင်းတွင်းရှိ ကုသိုလ်ဖြစ် ပညာရေးစင်တာ စာသင်ခန်းတွင် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပတ်သက်၍ လျော်ကြေးရန်ပုံငွေခံစားခွင့်အကြောင်းနှင့် လူမှုဖူလုံရေးခံစားခွင့် ကွာခြားမှု အကြောင်း သိကောင်းစရာတို့ ပညာပေးအဖြစ်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောမှုတွင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၃၂ ဦးတက် ရောက်ကြခဲ့ကြပြီး လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု အကြောင်း လျော်ကြေးရန်ပုံငွေအကြောင်း ခံစားခွင့်အကြောင်း တို့ကိုတစ်ခုခြင်းစီအလိုက် ရှင်းလင်းဟောပြောပေးခဲ့သည်။

လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိခြင်းဆိုသည်မှာ

အလုပ် လုပ်နေစဉ် ထိခိုက်မှုဖြစ်ခြင်း သို့မဟုတ် အလုပ်ရှင်၏ ပေးအပ်သည့်အလုပ်ကို လုပ်ကိုင်နေစဉ် ဖြစ်ပေါ်လာသည့် ထိခိုက်မှုနှင့် အလုပ်ကြောင့် ဖြစ်ပေါ်သော ကျန်းမာရေးဆိုင်ရာထိခိုက်မှုကို ဆိုသည်။

လူမှုဖူလုံရေးနှင့် လျော်ကြေးရန်ပုံငွေတို့၏ ကွားခြားသည်မှာ

လူမှုဖူလုံရေး(ပကန်ဆာခူမ်)သည် အလုပ်ရှင် အလုပ်သမားတို့ ပေးသွင်းကြရပြီး လူမှုဖူလုံရေးအဖြစ် အလုပ်သမား၏ လုပ်အားခထဲမှ လစဉ် ၅ ရာခိုင်နှုန်းကိုဖြတ်တောက်၍ ပေးသွင်းရပြီး လျော်ကြေးရန်ပုံငွေသည်ကား အလုပ်ရှင်မှ တဖက်တည်း ပေးသွင်းရသည်။

ရရှိသောအကျိုးခံစားခွင့်မှာ အောက်ပါအတိုင်းဖြစ်သည်

1. အလုပ် လုပ်ကိုင်နေစဉ် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုဖြစ်ပွားလာပါက ဆေးဝါးကုသ စာရိတ်အဖြစ် ဘတ် 50,000-1,000,000 ဘတ် ရရှိမည်ဖြစ်သည်။

2. အလုပ်နားရပါက လုပ်ခလစာ၏ 70% နှုန်းဖြင့် ရရှိမည်ဖြစ်သည် ဥပမာ- လစာ 10,000 ဘတ်ဆိုပါက ကို ဆရာဝန်မှ နားရက်အဖြစ် ရက်ပေါင်း 30 အလုပ်နားရရန် ညွန်ကြားလာပါက ထိုနားရက်များအတွက် လုပ်အားခအစားထောက်ပံ့ငွေ 7,000 ရရှိမည်ဖြစ်သည်။

3. ကိုယ်လက်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးပါက၊ ဆရာဝန်၏ သုံးသပ်ချက်ဖြင့် လစာရဲ့ 70% နှုန်းဖြင့် ထောက်ပံ့ငွေ ၁၀ နှစ်ခံစားခွင့် ရရှိမည်ဖြစ်သည်။

4. မသန်စွမ်းမှု (ဒုက္ခိတ) ဖြစ်ပါက လုပ်ခလစာ၏ 70%ရာခိုင်နှုန်းနဲ့ ထောက်ပံ့ငွေအဖြစ် တစ်သက်စာရရှိ မည်ဖြစ်သည်။

5. သေဆုံးမှုဖြစ်ပွားခဲ့ပါက နောက်ဆုံးရရှိထားသည့်လုပ်အားခအတိုင်း သို့မဟုတ် အနိမ့်ဆုံး အခြေခံ လုပ်ခလစာအတိုင်းတွက်ချက်၍ 10 နှစ်အတိတိ ထောက်ပံ့ငွေအဖြစ် ရရှိမည်ဖြစ်ပြီး အသုဘစရိတ် အဖြစ် ၅၀,၀၀၀ ကိုလည်း နာရေးကျင်းပပြုလုပ်သည့် ဘုန်းတော်ကြီးကျောင်းထံမှ ထောက်ခံစာနှင့်တကွ နာရေးစီစဉ်ဆောင်ရွက်သူကို အသုဘစာရိတ်ထုတ်ပေးသွားမည်ဖြစ်သည်။

6. ဘဝပြန်လည်ထူထောင်နိုင်ရေးအတွက် ခြေတု လက်တုများ တပ်ဆင်ခြင်း သို့မဟုတ် ခြေတုလက်တု များတပ်ဆင်ပြီးနောက် ဘဝပြန်လည်ထူထောင်ရေး စခန်း တွင် ပုံမှန်ကဲ့သို့ ပြန်လည်လှုပ်ရှား နိုင်ရေး အတွက် ဆောင်ရွက်နေစဉ် ထောက်ပံ့ငွေများလည်း ရရှိမည်ဖြစ်သည်

ဥပမာ လစာ 12,000 ဘတ်ရသည့်အလုပ်သမားတစ်ဦး လက်ပြသည်ဆိုပါစို့ လျော်ကြေးအဖြစ် တစ်လလျှင် 8,400 ဘတ်နှင့် လပေါင်း 108 ခံစားခွင့် (8,400 x 108 =907,200 ဘတ်) ရရှိမည်ဖြစ်သည်။ သို့သော် အခင်းဖြစ်ပွားသည့်နေမှစ၍ 15 ရက်အတွင်း လျော်ကြေးရန်ပုံငွေဌာနသို့ အသိပေးအကြောင်းကြားရန် လိုအပ်သလို ဆေးဝါးကုသမှုသည် ပြီးပြတ်၍ (ဆရာဝန်) ပါရဂူ ၏ ထောက်ခံချက်လည်း လိုအပ်သည်။

အကယ်၍ အလုပ်ရှင်မှ လုပ်ငန်းခွင်ထိခိုက်မှု သေဆုံးမှု ပျောက်ဆုံးမှု အစရှိသည်တို့ကို ဆိုင်ရာ ဌာနသို့ အကြောင်းကြားရန် ပျက်ကွက်ပါက ၆ လထက်မပိုသော ထောင်ဒဏ် 100,000 ဘတ် ထက်မပိုသော ဒဏ်ငွေ ချမှတ်ခံရမည်ဖြစ်သည်၊၊

အလုပ်ရှင်မှ အကြောင်းကြားခြင်းလုံးဝမပြုလုပ်ပါက အလုပ်သမားကိုယ်တိုင်လည်း ဆိုင်ရာဌာနသို့ ရက်ပေါင်း 180 အတွင်း သို့မဟုတ် 2 နှစ်ထက် မပိုသော ကာလအတွင်း အကြောင်းကြားနိုင်ပါသည်။

အသိပညာပေးဟောပြောမှုအပြီးတွင် တက်ရောက်လာသည့် အလုပ်သမားတို့မှ စက်ရုံတွင်း အလုပ် လုပ်ကိုင်တဲ့အခါ ဘေးကင်းရေးလုံခြုံရေးဆိုင်ရာ ကိရိယာတွေရှိပေမယ့် အလုပ်သမားများက တပ်ဆင်

အသုံးပြုခြင်းမရှိကြပါ အကယ်၍များ ထိခိုက်မှု တစုံတရာဖြစ်ပေါ်လာပါက လျော်ကြေးရရှိနိုင် ပါသလားဟု မေးမြန်းကြရာမှာ လုပ်ငန်းခွင်တွင်း ဖြစ်ပါက အခြားသောခံစားခွင့်များနှင့်အတူ ရရှိနိုင်ကြောင်း မေးမြန်းချက်ကို ဖြေကြားပေးခဲ့သည်။